ဝန်ဆောင်မှု စည်းကမ်းချက်များ (Terms of Service)
နောက်ဆုံးပြင်ဆင်သည့်ရက်: ၉ အောက်တိုဘာ ၂၀၂၆
ITK Digital Store (itkdigitalstore.com) တွင် အကောင့်ဖွင့်ခြင်း သို့မဟုတ် ဝယ်ယူခြင်းဖြင့် ဤစည်းကမ်းချက်များကို သဘောတူပါသည်။
သင့်အကောင့်
မှန်ကန်သော အချက်အလက်ကို ပေးပြီး Password ကို လုံခြုံစွာ ထိန်းသိမ်းပါ။ သင့်အကောင့်မှ ပြုလုပ်သော အော်ဒါများအတွက် တာဝန်ရှိပါသည်။ လိမ်လည်မှု/အလွဲသုံးမှုတွင် သုံးသော အကောင့်များကို ပိတ်နိုင်ပါသည်။
Wallet
ဘဏ်/Mobile ငွေလွှဲပြီး Screenshot တင်ကာ MMK သို့မဟုတ် THB Wallet ထဲ ငွေဖြည့်နိုင်ပါသည်။ စစ်ဆေးပြီးမှ ထည့်ပေးပါသည်။ MMK နှင့် THB Wallet များ သီးခြားဖြစ်ပြီး အပြန်အလှန် မပြောင်းပါ။
အော်ဒါများ
ဝယ်မည့်ဈေးကို ဝယ်ယူမီ ပြထားပြီး Wallet မှ နှုတ်ပါသည်။ Game ID၊ Server ID စသည်ကို သေချာစစ်ပါ — ထည့်ထားသော အချက်အလက်သို့ ပို့ပြီးသော Top-up များကို ပြန်ယူ၍ မရပါ။
အော်ဒါ မအောင်မြင်ပါက ပေးထားသောငွေကို Wallet ထဲ ပြန်ထည့်ပေးပါသည်။
Laptop နှင့် အကောင့်များ
Laptop၊ Game/Facebook/TikTok အကောင့်များကို Messenger သို့မဟုတ် Telegram မှ ဆက်သွယ်၍ ရောင်းချပါသည်။ အခြေအနေ၊ ဈေးနှုန်းနှင့် ပေးပို့ပုံကို Chat တွင် သဘောတူပါသည်။
Premium Digital ပစ္စည်းများ
Code သို့မဟုတ် အကောင့်အချက်အလက်ကို အော်ဒါစာမျက်နှာတွင် ပေးပို့ပါသည်။ ပေးပို့ပြီးသော Code/အကောင့်များကို ပြန်လဲ၍ မရပါ။
သင့်လျော်စွာ အသုံးပြုခြင်း
Website ကို အလွဲသုံးခြင်း၊ လုံခြုံရေးကို ချိုးဖောက်ရန် ကြိုးစားခြင်း၊ တရားမဝင်သော ကိစ္စများအတွက် အသုံးပြုခြင်း မပြုရပါ။
ပြောင်းလဲမှုများ
စည်းကမ်းချက်များကို ပြင်ဆင်နိုင်ပါသည်။ မေးမြန်းလိုပါက m.me/ITKDigitalStore။
